Ailəliklə izlənilə bilən

İncil Kolleksiyası

ရှင်ယောဟန် ခရစ်ဝင် ဇာတ်လမ်းသည် သမ္မာကျမ်းစာမှ စာသားကို အမှန်တကယ်ရေးသားခဲ့သည့်အတိုင်း ရိုက်ကူးထားသည့် ပထမဆုံးဇာတ်လမ်းဖြစ်သည်။ မူရင်းကျမ်းစာမှ စကားလုံးများကို ဇာတ်ညွှန်းအဖြစ် အသုံးပြုရိုက်ကူးထားသော ယေရှုဇာတ်လမ်းသည် လေးနက်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော ရုပ်ရှင်ဖြစ်သည်သာမက သမိုင်းဝင် အမြင့်မြတ်ဆုံး သမ္မာကျမ်းစာကို ထင်ရှားပေါ်လွင်စေသည်။ လှပစွာရိုက်ကူးပြီး အံ့သြဖွယ်ကောင်းအောင်ဖျော်ဖြေတင်ဆက်မှုနှင့်အတူ နောက်ဆုံးပေါ်ဘာသာရေး၊ သမိုင်းကြောင်းနောက်ခံနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ အသိပေးခြင်းများပါဝင်သော ဤရုပ်ရှင်သည် ပျော်ရွှင်စေမည်သာမက တန်ဖိုးထားရမည့်အရာလည်းဖြစ်ပါသည်။ Lumo Project မှရိုက်ကူးသည်။